Sunday, December 18, 2005

Bleach ၆၁


Kotetsu Isane သတင်းပို့ နေပုံ ။

Renji သွေးအလိမ်းလိမ်းဖြင့်  Rukia ကိုကာကွယ်နေပုံ


Aizen ရဲ့ လျင်မြန်တဲ့ ခုတ်ချက် နှင့်အတူ Renji လဲသွားပုံ

Aizen ကို Ichigo ဒါး နှင့် ပြေးခုတ်ပုံ



Aizen နှင့် သူ့ နောက်လိုက်များ က rukia နှင့် Renji ကို SokyoKuu သတ်စင်တွင် လုပ်ကြံရန် ပြင်ဆင်နေကြသည်။ Aizen ရဲ့ ကောက်ကျစ်မှုကို သိရှိသွားသော တပ်မ(၄) ဂိုဏ်းချုပ် Unohara ကသူမ၏ လက်ထောက် Kotetsu Isane ကို soul society တစ်ခုလုံးသိစေရန် သတင်းပို့ ခိုင်းလေသည်(အပေါ်ဆုံးပုံ)။

SokyoKuu သတ်စင်တွင် Aizen က Rukia ကို မြေကြီးပေါ်သို့ ချလိုက်ရန်ပြောသော်လည်း ခေါင်းမာသော Renji က Aizen ကို သူ၏ နာမည်ကျော် ဒါး Zanbimaru နှင့် ခုတ်သည်။ Aizen ဒါးလှုပ်တာတောင် မမြင်လိုက်ရချေ ။ Zanbimaru အပိုင်းပိုင်း ပြတ်ကာ Renji သွေး သံရွှဲ ရွှဲနှင့် မြေပေါ်လဲတော့သည်။

Aizen က Renji ကို သေလမ်းပို့ ရန် နောက်ဆုံးဒါးချက်ဖြင့် ခုတ်လိုက်ချိန်တွင် ဒါးတစ်လက်ရောက်လာကာ Aizen ၏ဒါးကိုပင့်လိုက်သည်။ ichigo ၏ဒါးပင်ဖြစ်တော့သည်။

ichigo နှင့် Renji ပေါင်းပြီး Aizen ကိုသတ်ရန် ကြိုးစားသော်လည်း မအောင်မြင်ချေ။ နောက်ဆုံး ichigo နှင့်  Renji တို့ သွေး ဗလပွ ဖြစ်နေချိန်တွင် Aizen က Rukia ၏လည်ပင်းမှ သံကွင်းကိုဆွဲ ကာ သူ့ အကြံအစည်နှင့် အစီအမံများကို ဖေါက်သည်ချတော့သည်။

Aizen ၏အဆိုအရ rukia ၏ ကိုယ်ထဲတွင် hollow ရှိနေပြီး ထို hollow ကိုသွင်းထား လိုက်သူမှာ ichigo ၏ဆရာ urahara ဖြစ်ကြောင်း ၊ shimigami တစ်ပိုင်း hollow တစ်ပိုင်း များသည် သာမန် shimigami များထက်ပို သော limit တစ်ခုအထိ သိုင်းပညာ ထက်မျက်နိုင်ကြောင်း ပြောပြသည်။

ထိုအချိန်တွင် ရောက်လာသူမှာ မြေခွေးတစ်ပိုင်း ဖြစ်နေသော captain Komamura ပင်ဖြစ်သည်။ Komamura က Aizen ကို သူ၏ bankai ကို သုံးကာ မြေကြီး နှစ်ခြမ်းကွဲအောင် ပိုင်းတော့သည်။