Friday, December 16, 2005

အဖွင့်

မနေ့ က အစ်စရေးလ် က chief scientist နဲ့ meeting မှာတွေ့ ရတယ်။ သူက တော်တော်လေး အိုနေပြီ ။ ဒါပေမယ့် စကားပြောတာ တကယ် ပညာရှင်ဆန်ပါပေတယ်။ ကျွန်တော်တကယ် အားကျပါတယ်။ ကျွန်တော့်  co-worker လေးတွေကတော့ ယုံတောင်မယုံ ကြပါဘူး။ ဒီ စပို့ ရှပ်မွဲမွဲနဲ့ လူ ကြီး က chief scientist ဟုတ်မှဟုတ်ရဲ့ လားပေါ့ ။


တစ်ကယ်တော့ ကျွန်တော်ဒီ ကုပနီမှာ လုပ်ရတာ တကယ်ပျင်းနေပါပြီ။ ကျွန်တော် သူများကို ခိုင်းပြီး ပိုက်ဆံယူရတဲ့ အလုပ်ကို တစ်ကယ်မပျော်ဘူး။ ခက်တာက ကျွန်တော်ခိုင်းနေတဲ့  သူတွေက ပိုက်ဆံမရပဲ ကျွန်တော်ကပိုက်ဆံရနေတာ ကဆိုးတယ်။ ကျွန်တော့ရဲ့ အရည်အချင်း ကို ဒီလို နေရာလေးမှာ မြှုပ် နှံမပြစ်ချင်ဘူးဗျာ။


့ကျွန်တော့ သူငယ်ချင်းကတော့ taiwan မှာ device programming တွေအရမ်းလုပ်ကြတယ်ပြောပါတယ်။ ဒါပေမယ့် device တွေဆိုတာက specification တွေနဲ့ နေကြတဲ့ အရာတွေဆိုတော့  ကိုယ့်ရဲ့  knowledge က အဲဒီပေါ်မှာ ပဲတစ်ဝဲလည်လည်ဖြစ်နေမှာ စိတ်ညစ်စရာ။


aninme ကြည့် လိုက်ဦးမယ်။ good nite . .


Magical Girl Nanoha ဆိုတဲ့ Anime လေးလေ ၊ အပိုင်း ၇ ကနေစကြည့်ရမှာ ဘယ်လိုနေမလဲတော့မသိဘူး


0 Comments:

Post a Comment

<< Home