Friday, December 16, 2005

ညလယ်စာ

blog အသစ်ကလေးဆိုတော့ရေးရတာ အရသာရှိတယ်..။


အခု ရှမ်းပဲပုတ်ကိုမီးဖုတ်ပြီး ၊ ဆတ်သားခြောက်ကြော် နဲ့  pepsi သောက်နေပါတယ်။ ညလယ်စာပေါ့  ။ ကျွန်တော့်မှာ နေ့ လည်စာဆိုတာမရှိဘူးလေ။ ဘေးအခန်း ကအစ်မ ကတော့ အိပ်နေပြီ။ စိုင်းဆိုင်မော် ရဲ့ ရှမ်းပဲပုတ် သီချင်းကို သတိရမိပါတယ်။


ကျွန်တော် ရှမ်းပြည်ကိုရောက်တုန်း ကအရမ်းပျော်တာပဲ ။ တောင်ကြီးမှာ ဂလေရိုက်ရတဲ့ ရက်တွေဆို မေ့လို့ ကို မရနိုင်ဘူး။ ကျွန်တော်တို့  အဖွဲ့ တွေ software သွားရေးကြတုန်းကပေါ့ ။ software ကတစ်လလောက်ရေးရပြီး
သက်ြန်တွင်းကြီးဆိုတော့ တောင်ကြီးကအေး ကောင်မလေးတွေရေလိုက်ပက်ရင် ထွက်ကလည်းမပြေးချင်နဲ့  ရယ်ရပါတယ်။

ကျွန်တော်အကြိုက်ဆုံးတစ်ခုက တောင်ကြီးက ရှမ်းခေါက်ဆွဲပါ။ တစ်ကယ်မေ့ဖို့ ခက်တယ်။ ညဆိုရင်ရှမ်းတို့ ပူး ပူပူနွေးနွေးလေး ကြိတ်ပြီး ရှယ်ပဲ။ နောက်ပြီး ကျွန်တော်တို့  ရထားပေါ်မှာဖတ်ဖို့  စာအုပ်သွားရွေး ကြတော့  ကျွန်တော်အဲဒီတုန်းက ဘာစိတ်ကူးရလဲ မသိဘူး၊ ရှေးခေတ်ကဗျာစာအုပ်ကြီးဝယ်မိပါတယ်။

ကောင်းတော့ကောင်းတယ် ရှေးကဗျာရွတ်လိုက် တောင်တန်း ကြီးကြည့် လိုက်နဲ့  ။


နောက်တစ်ခေါက် တောင်ကြီးကိုထပ်ရောက်တော့ ကျွန်တော့် မိသားစုနဲ့ ပေါ့  ။ ပဲပုပ်ရောင်းတဲ့ ကောင်မလေး က သူ့ ပဲပုပ်ရောင်းကောင်းချင်တော့ ကျွန်တော့ ကို အသည်းလေး ၊ ပဲပုပ်ဝယ်ပါဦး ဆိုပြီး မျက်စိမှိတ် ပြတယ်။
ရင်တွေဘာတွေတောင်ခုန်သွားတယ်။ ပအိုဝ့်မလေးတွေက ချောတာကိုး ၊ ကွမ်းစားတဲ့ အကျင့်ကလေးကသာ နည်း နည်းဆိုးတာ။နောက်ကျတော့မှကျတော့် အမက ဟဲ့ကောင် ဟိုကနင့်ကို ပဲပုပ်ရောင်းချင်လို့  အသည်းလေးခေါ်တာဆိုမှ စိတ်ကူးအိပ်မက်တွေက ပြုတ်ကျတော့တယ်။


ကျွန်တော်တို့ တောင်ကြီးကပြန်ရောက်တော့  ရတဲ့ ပိုက်ဆံလေးနဲ့  ကာရာအိုကေ ဒိုးကြပါတယ်။ ကျွန်တော့်သူငယ်ချင်း အရက်မသောက်ဆေးလိပ်မသောက်တတ်တဲ့ ကောင်က ဆေးလိပ်ငွေ့ တွေမွန်ပြီး ဥသြတွေဆွဲပါတယ်။ ရယ်လိုက်ရတာကမ်းကိုကုန်ရော။




အိမ်နားက beach ကလေး၊ ဟိုတစ်လောကပဲ တရားမ၀င် အလုပ်သမားတွေ camp ထိုးတာရဲတွေလိုက်ဖမ်းကြတယ်လို့  သတင်းစာထဲမှာရေးထားတာပဲ။

4 Comments:

At 6:46 PM, Blogger Mady June said...

I've never been to Taunggyi before. I want to go there someday. I also like Shan noodle. I like to eat it with soup, not the 'a thoke' one.

 
At 9:58 PM, Blogger ByteOrder said...

u came to my blog ! thx
is that so, I prefered 'a thoke'

 
At 3:31 PM, Anonymous Anonymous said...

Very cool design! Useful information. Go on! »

 
At 7:58 PM, Anonymous Anonymous said...

best regards, nice info » »

 

Post a Comment

<< Home