Monday, December 19, 2005

IS Pure အပိုင်း (၁)

ဒီဇာတ်လမ်း ရဲ့ မင်းသား နာမည် က ichitaka ။ သူ က သူ့ ရဲ့ သူငယ်ချင်းဖြစ်တဲ့  lori-chan(အပေါ်ပုံ) ကို တိတ်တခိုး ကြိုက်နေပါတယ်။ ဒါပေမယ့် date လုပ်ဖို့  ဖွင့်ပြောရမှာ ကြောက်တော့ ဒီကောင်မလေး ရဲ့ အိမ်ပြတင်းပေါက်ကလေး ကိုပဲ ချောင်းချောင်းကြည့် တတ်ပါတယ်။

တစ်နေ့ တော့ သူ့ သူငယ်ချင်း က ichitaka ကို ကျောင်းက ဂျာနယ်ထဲမှာ lori-chan ရဲ့ ရေကူး ၀တ်စုံ နဲ့ ရိုက်ထားတဲ့ ပုံပါတယ် ဆိုပြီး ichitaka ကိုပြပါတယ်။ ichitaka နဲ့  lori-chan တို့  library မှာ တွေ့ ကြတဲ့ အခါ lori-chan က ichitaka ကို စကားစပြောပေမယ့်  ichitaka ကမတရားရှက်ပြီး စကားမပြော ရဲ ဘူး။ အဲဒီလို နဲ့ lori-chan လဲသူ့ ဖာသာသူတစ်ယောက်တည်း အိမ်ပြန်သွားပါတယ်။













ichitaka အဆောင်ကိုပြန်ရောက်တော့  သူ့ သူငယ်ချင်း က photoshop နဲ့ ဖြတ်ညှပ် ကပ်လုပ်ထားတဲ့  lori-chan ရဲ့ ပုံကို ichitaka ကိုပြပါတယ်။ တွေ့ တွေ့ ချင်း စိတ်တိုသွားပေမယ့် နောက်တော့  ichitaka ကသူ့ ပုံဆွဲ စာအုပ်ကြားထဲမှာ အဲဒီ ပုံကို သိမ်း လိုက်ပါတယ်။

နောက်တစ်နေ့ ကြတော့ lori-chan ရဲ့ အိမ် ရှေ့မှာကောင်လေးတွေ ၀ရုံးသုန်းကားနဲ့  lori-chan ဂျာနယ်ထဲက ပုံကို အကြောင်း ပြု လို့ အော်ဟစ် စနောက်နေကြပါတယ်။ ichitaka ကမြင်မြင်ချင်းတံမြက်စည်း နဲ့ ပြေးရိုက်တော့ ထွက်ပြေးကြပါတယ်။ ကံဆိုး ချင်တော့  lori-chan ရဲ့ အမေ က ichitaka ကိုအထင်လွဲ သွားပါတယ်၊ အော်ထုတ်တာပေါ့ ။



ကျောင်းမှာ ichitaka နဲ့ lori-chan တို့ တွေ့ ကြတော့ lori-chan က သူ့ အမေကသာအထင်လွဲ တာဖြစ်ကြောင်း ၊ သူ ichitaka ကိုကျေးဇူး တင်ကြောင်းပြောပြီး ichitaka ဆီက ဗလာစာအုပ်ငှားပါတယ် ။ ကံဆိုးချင်တော့  ဗလာစာအုပ်ထဲမှာ သူ့ သူငယ်ချင်း က photoshopped လုပ်ထားတဲ့  ပုံကပါသွားတယ်။့ lori-chan မြင်တော့ ichitaka ကိုပါးရိုက်ပြီး ထွက်သွားပါတယ်။



့lori-chan ကို နောက်တစ်ခါ ရေကူးဝတ်စုံနဲ့ ဓာတ်ပုံအရိုက်ခံ ဖို့ ကျောင်းက ကလပ်(ဘ်) က စီနီယာကျောင်းသားတွေ ကတောင်းဆိုပါတယ်။ ကလပ်(ဘ်) ဂျာနယ်ဆိုတော့ lori-chan လည်းလက်ခံလိုက်ပါတယ်။ ဒါပေမယ့် စီနီယာကျောင်းသား တွေ က အ၀တ်လဲခန်း မှာ camera ထောင်ထားတာကို သိသွားတဲ့  lori-chan ကဓာတ်ပုံခန်းထဲ ကထွက်ပြေး ဖို့ ကြိုးစားပါတယ်။

မအောင်မြင်ဘူး။ ဒါပေမယ့် ichitaka က အချိန်မှီ တံမျက်စည်း နဲ့ ရောက်လာပြီး lori-chan ကို ကယ်လိုက်ပါတယ်။

နောက်ဆုံးမှာ lori-chan က ichitaka နဲ့  date လုပ်လိုက်ပါတယ်။ lori-chan ichitaka ရဲ့ အခန်းကိုရောက်လာတဲ့ အချိန် မှာ ဘယ်ကမှန်းမသိတဲ့ ကောင်မလေး တစ်ယောက် ichitaka အခန်းထဲကို အိပ်ချင်မှူးတူးနဲ့ ဝင်လာပြီး ichitaka ကိုပြေးဖက်ပါတယ်။ ichitaka ခေါင်းနားဖန်းကြီးသွားပြီး အဲဒီမှာတင် episode ပြီးပါတယ် ။

ဇာတ်လမ်း က schoolboy drama ပီပီ fanservice နဲနဲ ပါ ပါတယ်။ schoolboy drama တွေထဲမှာတော့ စထွက်မဆိုးဘူး လို့ ပြောလို့ ရပါတယ်။

rating : 6 out of 10

0 Comments:

Post a Comment

<< Home