Tuesday, December 20, 2005

mushishi ၈


shino



ဒီအပိုင်းမှာတော့ Mushishi ကတစ်ခုသော မြစ်ကမ်း စပ်မှာ လွမ်းဆွေးစွာ ထိုင်နေသော shino ဆိုတဲ့ လူတစ်ယောက်နဲ့ တွေ့ ပါတယ်။ Shino က မြစ်ကမ်း စပ်မှာထိုင်ပြီး ထူးစမ်းစွာ ပျောက်ဆုံး သွားတဲ့ သူ့ ဇနီးကို မျှော်တမ်းတာပါ။ ဇာတ်လမ်း ကဒီလို ...။


shino ရဲ့ ဇနီး

shino နဲ့ သူ့ ရဲ့ ဇနီး တို့ ဟာ ညားခါစ လင်မယားတွေ မို့  shino ရဲ့  မိဘတွေကို အရိုအသေပေး ဖို့  ခရီးထွက်လာခဲြ့ကပါတယ်။ ဒီမြစ်ကမ်းကို ဆိုက်ရောက်ကျတဲ့ အခါမှာ shino က သူ့ ရဲ့ ဇနီးကို "နင်က နင့် အမေ က ငါနဲ့  ပေးစား ထားလို့ ငါ့နောက်မလိုက်ချင်ဘူး ဆိုရင် ဒီမှာ နေခဲ့ လို့ ရတယ် " လို ပြောခဲ့ ပါတယ်။ ဒီလို ကတောက်ကဆ ဖြစ်ကြတော့ လင်မယားနှစ်ယောက် လှေနှစ်စီး ခွဲပြီး မြစ်ကို ကူးကြပါတယ်။ မြစ်ရဲ့ အလယ် လဲရောက်ရော ရေမြွေ တွေ ရာထောင် ချီပြီး လှေအောက် ကနေ ကူးနေတာကို ကြောက်မက်ဖွယ်မြင်ရ ပါတယ်။ shino ရဲ့ ဇနီး ပါတဲ့ လှေက လှေသမားက ကြောက်ကြောက်လန့် လန့် နဲ့ ရေထဲ ခုန်ချပါတယ်။ shino ကသူ့ ဇနီး ကို ရေထဲခုန်ချဖို့ ပြောပေမယ့်  သူ့ ဇနီး က ကြောက်တော့ မခုန်ချရဲ ပဲ လှေပေါ်မှာ တစ်ယောက်တည်းပါသွားပါတယ်။ တစ်ဆက်တည်းမှာ ပဲ ရေမြွေတွေက လှိုင်းလုံး ကြီးဖြစ်သွားပြီး အရာအားလုံးကို သိမ်းကြုံးသွားပါတော့တယ်။

ပင်လယ်မြွေများ ရာထောင်ချီ


အသက်ရှင်ကျန်နေခဲ့ တဲ့  shino ကတော့ အဲဒီ တံငါရွာ အပြင်မှာပဲ နေ့ တိုင်းလွမ်းဆွေးလို့ နေပါတယ်။

ဒီဇာတ်လမ်းကို သိပြီး Mushishi လည်းသူ့ ခရီးကိုသူဆက်ပါတယ်။

လပေါင်း အတော်ကြာတော့ Mushishi အဲဒီတံငါရွာလေးကို ပြန်ရောက်လာပါတယ်။ shino ကတံငါရွာလေးထဲမှာတောင်ဝင်ပြီး အခြေချနေပါပြီ ရွာသားတွေကလည်း သူ့ ကို ချစ်ကြပါတယ်။ ဒါပေမယ့်  shino က သူ့ ဇနီးကို မမေ့နိုင်သေးဘူး။

ဒီတစ်ခါတော့ Mushishi က shino ကို ကူညီပြီး သူ့ ပျောက်သွားတဲ့ ဇနီး ကိုကူရှာပေးဖို့ ကတိပေးလိုက်ပါတယ်။
Mushishi က shino ကို သူ့ ဇနီးကို ပျောက်သွားတဲ့ အချိန်က တွေ့ ရတဲ့ အရာတွေဟာ ရေမြွေတွေ မဟုတ်ကြောင်း ၊ ကုန်းတွင်းမှ mushi တွေရေထဲ ဆင်းပြီး ရေထဲမှ mushi များနှင့် တွေ့ တဲ့ အခါမှာ ကြီးမားသော လှိုင်းကြီးတွေဖြစ်ကြောင်းပြောပြပါတယ်။

ဒီလိုနဲ့  ဘယ် တံငါသည် မှ လှေမထွက်ရဲ တဲ့ မြူတွေပိန်းပိတ်နေတဲ့  တစ်နေ့ မှာ Mushishi နဲ့ shino တို့ လှေထွက်ကြပါတယ်။ လှော်ရင်း လှော်ရင်း နဲ့  mushi တွေ ထောင်ချီပြီး လှေအောက်ကနေကူးနေတာကို တွေ့ ကြရပါတော့တယ်။ ထူးဆန်းစွာပဲ လှေတစ်စင်း မြူတွေကြား က မြောလာတာကို တွေ့ ကြပါတယ်။ အထဲမှာ စောင်ကလေး ခေါင်းမြီး ချုံထားတဲ့ လူတစ်ယောက်အိပ်ပြီး ပါလာပါတယ်။ လှေချင်းကပ်လိုက်ပြီ့း shino ကစောင်ကို အသာခွာကြည့် တော့ နှစ်ပေါင်းများစွာ ပျောက်ဆုံးနေတဲ့  သူ့ မိန်းမဖြစ်နေပါတယ်။ သူ့ ဇနီးလေး က အိပ်နေရာ ကနေနိုးလာပြီ့း shino ကို "ရှင့် ကို စောင့် ရတာ သုံးရက်တောင်ရှိပြီး ၊ နေနိုင်လိုက်တာ " ပြောတော့ shino ရော Mushishi ရော အံ့သြ သွားကြပါတယ်။ ဒါပေမယ့် shino မှာတော့ မျက်ရည်လည်ရွဲ နဲ့ ပေါ့  ။

မြူတွေကြား က Mushishi

Mushishi ကအခြေအနေကို ရိပ်မိသွားပြီ့း shino ကို သူ့  ဇနီး လှေသွားနေတဲ့ ကမ်းဘက်အခြမ်း က ကမ်းအစစ်မဟုတ်ကြောင်းလှမ်း သတိပေးပါတယ်။ အဲဒီအချိန်မှာ ပဲ shino ရဲ့ ဇနီးဟာ mushi တွေဖြစ်သွားပြီး မြူတွေကြားမှာ လွင့် ပါသွားပါတော့တယ်။

Mushishi နဲ့ shino တို့ ကမ်းခြေကို ပြန်ရောက်ကြပြီး နောက်တစ်နေ့ မှာ့ shino ဇနီး ပါသွားတဲ့ လှေကလေး သက်ရှိတစ်ယောက်မှ မပါပဲ ကမ်းခြေကို မြောလာပါတယ်။ အထဲမှာ က တော့ သူ့ ဇနီးရဲ့ ကီမိုနို လေးကိုစိတ်ထိခိုက်စရာတွေ့ ကြရပါ တယ်။ shino က စိတ် ထိခိုက်နေပေမယ့် သူ့ ရဲ့ ကျွတ်လွတ်သွား တဲ့ ဇနီး ကိုစောင့်မနေတော့ပဲ သူ့ ဘ၀ကိုရှေ့ ဆက်ပါတယ်။mushishi လည်း သူ့ ရဲ့  မဆုံးသော ခရီးကိုဆက်ပါတယ်။

rating: 9 out of 10

2 Comments:

At 5:04 AM, Anonymous Anonymous said...

I have been looking for sites like this for a long time. Thank you! Remington financial advisor Asko dishwasher decibel Vfr flight planning Serum albumin in cosmetics Toon sex art Zocor med. Account affiliate guide merchant new york anime cartoon free movie sex Idaho computers and technology legal sofa recliner 1970 Small bare tits

 
At 6:51 AM, Anonymous Anonymous said...

Wonderful and informative web site. I used information from that site its great. film editing classes

 

Post a Comment

<< Home