Saturday, December 17, 2005

့new year အတွေးများ

အစ်မတော်ဘုရားကမနက်ကတည်း က shopping mall က တွန်းလှည်းဆိုင်ခန်းသွားရွေးမယ်ဆိုပြီး ၀တ်ကောင်းစားလှတွေ ၀တ်လို့  ဒိုးသွားလေရဲ့ ။ ဘော်ဒါ များတဲ့ သူများ သိသာတယ်၊ အားရင်ဒိုးနေတာပဲ။


နေဦး လကုန်မှ sentosa beach ကိုတစ်ယောက်တည်း adventure ထွက်မယ်။ beach မှာ camp ထိုးပြီး နှစ်သစ်ကို ကြိုဆို လိုက်ရရင်တော့ရှယ်ပဲ။


ညကျရင် အနီးအနားသွားပြီး တစ်ခုခု သွားစားဦးမှပါပဲ ။ အခုတောင်နဲနဲမှောင်နေပြီ . . . ။


ဒီနေ့  ပျင်းပျင်းရှိတာနဲ့  zawgyi-one font ကို java မှာစမ်းကြည့် နေမိတယ်။ မြန်မာတွေ programer တွေ တော်တော်များများ အားအားရှိ ဒါနဲ့ ပဲအချိန်ကုန်နေ ကြတာပါပဲ။ ကျွန်တော့်ဆရာနဲ့ ကျွန်တော်နဲ့ တောင် ပြန်ဆုံတော့ ဒီအကြောင်းကို မတရားကြီးဆွေးနွေးကြပါသေးတယ်။ ပြောမယ့်သာပြောတာ ကျွန်တော် ကကြီးကနေ အထိ ဆုံးအောင်သေချာမရွတ်တတ်ဘူး ။ကျွန်တော့် ဆရာက ရရစ် တို့  ရပလက် တို့ ပြောလိုက်ရင် ကျွန်တော်တစ်ခါတစ်လေ နဝေတိန်တောင် ဖြစ်ဖြစ်သွားတယ်။ ချစ်ဖို့ ကောင်းတဲ့ ကျွန်တော့်ဆရာက စားပွဲ ခုံပေါ်မှာ လက်ဟန်ချေဟန်နဲ့  ဆွဲပြတော့မှ ... သြော်မှတ်မိပြီ မှတ်မိပြီ ယောင်ဝါးဝါးလိုက်လုပ်လို့ ရတယ်။ ဟဲဟဲ။

နောက်ကျတော့ ဆရာက ဗမာ font က ဗမာပြည်က လူတွေ လုပ်လိမ့်မယ် ဆိုပြီး နိဂုံးချုပ်ကြပါတယ်။


ဆရာစကားနားထောင်တာ မှားခဲ ပါတယ်။ တော်ပြီ ။ သူတို့ တွေသာလုပ်ကြပါစေတော့. . ။ ဒါပေမယ့်လုပ်ထားတဲ့ဟာလေးကိုတော့နောက်ကျတော့မှ ဖြည်းဖြည်းချင်း "သ" ရမယ်။




1 Comments:

At 9:29 PM, Anonymous Anonymous said...

Best regards from NY! » » »

 

Post a Comment

<< Home