Saturday, December 17, 2005

weekends huh

ဒီနေ KingKong တစ်ယောက်တည်းသွားကြည့် တယ်။ ၈နာရီ ရောက်သွားပြီး ၉နာရီခွဲ ပွဲ ကိုတော်တော်စောင့်လိုက်ရတယ်ကွာ။

ကံမကောင်းချင်တော့ ပွဲစပြီး ၅ မိနစ်ကြတော့မှ ရုံထဲရောက်တယ်။ ရုံထဲမှာ လူကတော့အပြည့် ပဲ။ ဘေးနားထိုင်ခုံက ကောင်မလေးလှလှလေး မဟုတ်တော့ နည်းနည်းတောင် ဘူပိတ် သွားတယ်။ ဘေးနားထိုင်ပြီး အာလူးကြော် တဂျွပ်ဂျွပ် ထိုင်စားမဲ့ အဖွားကြီး မဟုတ်တာ တာတော်သေးတာပေါ့။


movie ကတော့ Peter Jackson ရိုက်တာလို့ မပြောရဘူး စတာနဲ့  ဇာတ်ရှိန်ကို တဖြည်းဖြည်း တက်လာတယ်ကွာ။ မင်းသမီး က Naomi watt မင်းသားက နှာခေါင်းကြီးကြီး နဲ့  (ငါ့လောက်တောင်ပုံမလာတဲ့ ကောင်) . မိုက်တယ်။ ရန်ကုန်တောင်ပါလိုက်သေး ။

ဇာတ်လမ်း ထဲ မှာ ပထမ စင်ကာပူကျွန်း၊ စူမာတရား ကိုသွားမယ်ဆိုပြီး ရွက်လွင့်ကြတာ နောက်ကျတော့ တစ်ကယ်ရွက်လွင့်ဖို့ ဒါရိုက်တာက ကြံစီနေတာက "အရိုးခေါင်းကျွန်း" ဆီကိုဖြစ်နေတာ။

အဲဒါနဲ့ ရန်ကုန်ကိုရေကြောင်းပြောင်းမယ်လုပ်နေရင်း "အရိုးခေါင်းကျွန်း" ဆီကို အော်တိုရောက်သွားတာ။ "အရိုးခေါင်းကျွန်း" ဆိုတာ ပုံပြင်ထဲကကျွန်း ။ သူတို့ က မဟာကံထူးရှင်ဖြစ်သွားတာ။

"အရိုးခေါင်းကျွန်း" ကလည်း နာမည်နဲ့ လိုက်ပါတယ် ။ ကျောက်ဆောင်တွေက အရိုးခေါင်းပုံစံဖြစ်နေပြီး၊ တစ်ကျွန်း လုံး လဲ အရိုးခေါင်းလေး တွေ က ပွထ နေတာ ပဲ (MC ကကျောင်းသားတွေသာ တွေ့ လိုက်ရင်အိမ် မပြန်ပဲ skull island မှာပဲနေတော့မယ်တို့ ဘာတို့ ဖြစ်ကုန်မှာ)။


ကျွန်းပေါ်မှာ ကျွမ်းဘားမတရားကျွမ်းကျင်တဲ့ လူရိုင်းတွေ နဲ့ တွေ့ ပြီး လူရိုင်း တွေက Naomi watt ကိုအရိုးခေါင်းဘယက်လှလှလေးဆွဲ ပေးပြီး ရဇ်ပွဲကြီးတစ်ခန်းတနား နဲ့  ကင်းကောင် အတွက် ရစ်ဇ် ပူဇော်တယ်။ ပထမတော့ ကင်းကောင်က လူကြမ်းလေးပေါ့ ( sorry မျောက်ကြမ်းလေးပေါ့) ကောင်မလေး ကို ခါထည့် လိုက်ရမ်းထည့် လိုက်တာ တော်ရုံလူဆိုသေပြီင်္။ ကြည့် ရတာ Naomi Watt က အရိုး တော်တော်မာပုံရပါတယ်(calcium အားဆေးကြော်ငြာ ကြနေတာပဲ)
နောက်တော့လည်း မိန်းမ မာယာသဲ ကို့ ဖြာ မှကျရောက်ပြီး Naomi ကိုကယ်ဖို့  ဂေါ်ဇီလာတွေ လေးကောင်နဲ့ တောင်ပြိုင် ဖိုက်တယ်။ Naomi watt အတွက်အသက်ပင်သေသေ ဖိုက်တာ ။

ယောက်ျားတွေများ မွှန်ပြီဆို ဘာမှမသိတော့ဘူး။


Naomi က Kong ကို သနားရှာပါတယ်။ ဒါပေမယ့် လူကလူမျောက်ကမျောက်ဆိုတော့ မိဘတွေသဘောမတူ မှာစိုးရိမ်ပုံ ရပါတယ် ၊ နှာခေါင်းကြီး မင်းသားလေးနဲ့ kong အလစ်မှာ လင်းနို့ ခြေထောက်ကို ဆွဲ လို့ ထွက်ပြေးပါတယ်။ မင်းသားလေး က Naomi ကိုလာကယ်ရတာလည်းမလွယ်ပါဘူး Sauropodomorpha တွေခြေထောက်ကြားက ပြေးလွား ပွတ်တိုက် ၊ မြေအောက် လောက်တွင်းထဲကနေခက်ခက်ခဲခဲ လွတ်မြောက်နဲ့ ပါ။

ရေးရတာပျင်းလာပြီ။ ဒါပဲ .. ဟီဟီ

Sauropodomorpha တွေခလုတ်တိုက်ပြီး တစ်ကောင်ပေါ်တစ်ကောင် ပိပြီးဆင့်နေတာ မတရားရီရတယ်။
အမေရိကန် thanks giving day မှာ ဈေးလျော့ ထားတဲ့ ipod တွေဝယ်ဖို့  တို့ လူတွေတိုးဝှေ့ ပြီး ပိ တာနဲ့ တစ်ပုံစံထည်းပဲ ။




ဘာ !! မျောက်မဟုတ်ဘူးကွ kong! kong! ရုပ်ကိုသေချာကြည့် ထား

အဲဒီကောင်ကို နင်းရင် ကင်မရာမကျိုး အောင်နင်းနော် . . ကိုကို


ဟဲဟဲ ..no comments..

ဆရာ ! စက္ကူ ယူမလား !
ဟေ့ကောင် . . စက္ကူ ကဈေးကြီးတယ် ၊ တုတ်သုံးလဲဖြစ်တယ်။